ဘားအံ၊ မတ်လ ၅ ရက်

၅.၃.၂၀၂၃ ရက်နေ့ ၁၅:၀၀ အချိန် ဘားအံမြို့ကျက်သရေဆောင် ရွှေယဉ်မျှော် ပြည်တော်ဧ စေတီတော်မြတ်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်း လှူခြင်းအခမ်းအနားသို့ လည်း ကောင်း၊ ၁၆:၅၀ အချိန် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်း (မြို့မဘောလုံးကွင်း မုခ်ဦးရှေ့) တွင် ကျင်းပပြုလုပ်သည့် ” ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ” သို့ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
