လွှတ်တော် ၃ ရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ(မူကြမ်း)များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၀

လွှတ်တော် ၃ ရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ(မူကြမ်း)များနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်သော ဦးသန်းထွန်း၊ ဦးခင်မောင်ဦး နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အပြီးသတ်ညှိနှိုင်းဆွေးနွေး

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ လွှတ်တော် ၃ ရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ(မူကြမ်း)များအား အပြီးသတ် စိစစ်လေ့လာ ဆွေးနွေးကြပြီး လွှတ်တော် ၃ ရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများတွင် လက်ရှိအခြေအနေ များနှင့် လိုက်လျောညီထွေမှုရှိစေရေးအတွက် ဖြည့်စွက်ရန်လိုအပ်သည့်အချက်များ တွေ့ရ သဖြင့် ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဥပဒေအသစ်ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

                                                                                           သတင်းစဉ်