ဂုဏ်ပြုချီးမြှင့်ငွေ လှူဒါန်းပွဲအခမ်းအနားတက်‌ရောက်

မုံရွာ၊ အောက်တိုဘာလ ၆ ရက်

၆-၁၁-၂၀၂၃ ရက်နေ့ ၊ မုံရွာမြို့ ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ၊ ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်သော အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် စေတနာရှင်အလှူရှင်များမှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀၀၈ သိန်းနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုလှူဒါန်းပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)