ဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ထားဝယ်၊ နိုဝင်ဘာလ ၁၉ ရက်

၁၉.၁၁.၂၀၂၃ ရက်နေ့ နံနက် (၀၅၃၀)အချိန် ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်သော (၁၃)ကြိမ်မြောက် ဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဦးထိန်လင်းကျော်၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများနှင့် ဝန်ထမ်းများ၊ ထားဝယ်ခရိုင် အတွင်းရှိ ခရိုင်ဥပဒေအရာရှိနှင့် ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြပြီး သံဃာတော်များအား ကထိန်သင်္ကန်းနှင့် ပဒေသာပင်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)