ကရင်ပြည်နယ်၊  ဘားအံမြို့နယ်၊ ရသေ့ပျံ ကျေးရွာ၊ အ.ထ.က(ခွဲ) ရသေ့ပျံ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (၉၀’ _၃၀’) ပညာ့ခန်းမ ဆောင်အား ရသေ့ပျံကျေးရွာစေတနာရှင်များမှ ပညာရေးဌာနသို့  ” လှူဒါန်းပေးအပ်ပွဲအခမ်းအနား” သို့ တက်ရောက်

ဘားအံ၊ စက်တင်ဘာ ၂ ရက်

၂.၉.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊  ဘားအံမြို့နယ်၊ ရသေ့ပျံ ကျေးရွာ၊ အ.ထ.က(ခွဲ) ရသေ့ပျံ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (၉၀’ _၃၀’) ပညာ့ခန်းမ ဆောင်အား ရသေ့ပျံကျေးရွာစေတနာရှင်များမှ ပညာရေးဌာနသို့  ” လှူဒါန်းပေးအပ်ပွဲအခမ်း အနား” သို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ  ပြည်နယ်ဝန်ကြီးချုပ် နှင့်တကွ  ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)