ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်မှုဖြင့် အမှတ်(၂)၊ ဘိလပ်မြေ စက်ရုံ တန်(၄၀၀၀)နှင့် နည်းပညာတက္ကသိုလ်(ဘားအံ)တို့ ပူးပေါင်းဖွင့်လှစ်သည့် ” ဘိလပ်မြေ ထုတ်လုပ်မှုပိုင်းဆိုင်ရာနည်းပညာရပ်များ အသိပညာပေးဟောပြောပွဲ ” အခမ်းအနားသို့ တက်ရောက်

ဘားအံ၊ ဩဂုတ် ၁၃ ရက်

၁၃.၈.၂၀၂၅ ရက်နေ့ နေ့လည် (၂:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ လူငယ်စင်တာ ခန်းမတွင် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်မှုဖြင့် အမှတ်(၂)၊ ဘိလပ်မြေ စက်ရုံ တန်(၄၀၀၀)နှင့် နည်းပညာတက္ကသိုလ်(ဘားအံ)တို့ ပူး ပေါင်းဖွင့်လှစ်သည့် ” ဘိလပ်မြေ ထုတ်လုပ်မှုပိုင်းဆိုင်ရာနည်းပညာရပ်များ အသိပညာပေးဟောပြောပွဲ ” အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ  ပြည်နယ်အဆင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)