မကွေး၊ ဩဂုတ် ၁၄ ရက်

၁၄-၈-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ စုပေါင်းရုံးခန်းမ၌ ၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုး ရေး ရက်သတ္တပတ်များ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးတင့်ဝေ၊ နှီးနွယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များ၊ အခြားအစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
