လှိုင်းဘွဲ့၊ စက်တင်ဘာလ ၁ ရက်

(၁.၉.၂၀၂၀)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန် လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ Online မှတဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး talk show ဆွေးနွေးပွဲတွင် လှိုင်းဘွဲမြို့နယ်ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းနှင်းဝင်း တက်ရောက်ဆွေးနွေးပြောကြားခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဦးစီးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုဦးစီးမှူး၊ မြို့နယ်ပညာရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
