ကော့ကရိတ် ၊ မေ ၂၆


ကော့ကရိတ်ခရိုင်နှင့်မြို့နယ်ဥပဒေရုံး ၀န်ထမ်းအိမ်ရာကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်ဥပဒေချုပ်ရုံး၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၄၆.၀၆ ဖြင့် GZTB ကုမ္ပဏီမှ ဆောက်လုပ်ခဲ့ပြီး ၀န်ထမ်းအိမ်ရာဖွင့်ပွဲအခမ်းအနားကို (၂၆.၅.၂၀၁၈) ရက်နေ့ နံနက်(၁၀:၄၅) နာရီတွင်ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
(သတင်းစဉ်)
