ဘားအံ၊ မေ ၂၆



ကရင်ပြည်နယ်ဥပဒေချုပ်ရုံး တိုးချဲ့အဆောက်အအုံသစ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေမှ ငွေလုံးငွေရင်းကျပ်သန်း ၈၇.၄၀၀ ဖြင့် တော်ဝင်ကရင် မိသားစုကုမ္ပဏီက ဆောက်လုပ်ခဲ့ပြီး အဆိုပါတိုးချဲ့အဆောက်အအုံသစ်ကို (၂၆.၅.၂၀၁၈) ရက်နေ့ နံနက်(၇:၀၀)နာရီတွင် ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်း၊ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာတင်၀င်းကျော်၊ ကရင်ပြည်နယ်စာရင်းစစ်ချုပ် ဦးစောလှမွန်းနှင့် ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
(သတင်းစဉ်)
