ဖေဖော်ဝါရီလ ၂၆ ရက်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ နှင့် ၁၇၁၈ ၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ထားသည့် နောက်ဆုံးအခြေအနေကို သတင်းပို့အဖွဲ့အစည်းဖြစ်သည့် ရှေ့နေများ၊နိုတြီပဗ္ဗလစ်များ ၊ ဥပဒေဖြင့်အသက်မွေးဝမ်း ကျောင်းပြုသူများက အချိန်နှင့် တစ်ပြေးညီ ဝင်ရောက်ကြည့်ရှု၍ လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် မိမိတို့၏ Website/Webpage/ Social media များတွင် (update) လွှင့်တင်ရန်ဖြစ်ပါသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ နှင့် ၁၇၁၈ အရ ထုတ်ပြန်ထားသည့် နောက်ဆုံးအခြေအနေအား ညွှန်းဆိုသည့် Link ကို ၂၀-၁၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ အရ လူပုဂ္ဂိုလ် (၃) ဦး ထပ်မံ ထုတ်ပြန်မှုကို ၂၇-၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website တွင် လွှင့်တင်ထားပြီးဖြစ်ပါသည်။
၂၁-၂-၂၀၂၅ ရက်နေ့တွင် ပြင်သစ်နိုင်ငံသားတစ်ဦးအား ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ စာရင်းမှ ဖယ်ထုတ်ခဲ့သည့် Update စာရင်း pdf ဖိုင်နှင့် ဝင်ရောက်ကြည့်ရှုနိုင်သည့် https://press.un.org/en/2025/sc16003.doc.htm?_gl=1*18ixdy6*ga*MTI1Mj MzMzk0 Ni4xNzMxOTk2MjIx*_ga_TK9BQL5X7Z*MTc0MDQ2ODA4Ny4xMy4xLjE3NDA0NjgwOTguMC4wLjA.website link တို့ကို သိရှိဆောင်ရွက် နိုင်ပါရန် အသိပေးကြေညာပါသည်။
SOURCE >>>>>USC
(ပြည်ထောင်စုတရားလွှတ်တော်ချုပ် website မှ ကူးယူဖော်ပြသည်။)
