ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားနှင့် ကချင်ပြည်နယ်နေ့မဂ္ဂဇင်းဖြစ် မြောက်ရေး ကော်မတီနှင့်အယ်ဒီတာများအား ဂုဏ်ပြုပွဲအခမ်းအနားများသို့ တက်ရောက်

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၅ ရက်

(၂၅.၂.၂၀၂၅)ရက်နေ့ နံနက်(၀၉၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ရာပြည့် ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးတက်ရောက်ခဲ့ကြောင်း၊ နံနက်(၁၀၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကချင်ပြည်နယ်နေ့မဂ္ဂဇင်းဖြစ် မြောက်ရေး ကော်မတီနှင့်အယ်ဒီတာများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)