မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊ သာသနာ့ဗိမာန် တော်ကြီးတွင် (၂၇)ကြိမ်မြောက် ရပ်ကွက်ကျေးရွာပေါင်းစုံ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၃ ရက်

(၂၃.၂.၂၀၂၅)ရက်နေ့  နေ့လယ်(၁၃၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊ သာသနာ့ဗိမာန် တော်ကြီးတွင် (၂၇) ကြိမ်မြောက် ရပ်ကွက်ကျေးရွာပေါင်းစုံ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ပွဲ ဆုချီးမြှင့်ခြင်း အခမ်း အနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)