နေပြည်တော် အောက်တိုဘာ ၂၃

ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ ၁၃:၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်ကြည်သန်းအောင်နှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမျိုးမြင့် ဦးဆောင်သော တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လမ်းညွှန်ချက်နှင့်အညီ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ(မူကြမ်း)အား လတ်တလောပြဋ္ဌာန်းရန် သင့် မသင့်နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရာ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ(မူကြမ်း)သည် ၂၀၂၅ မန္တလေးငလျင်ကြီး ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် လက်ရှိအခြေအနေများအရ မူအားဖြင့် ပြဋ္ဌာန်းရန် လိုအပ်သော ဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းစဉ်
