ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားတွင် ရဟန်းသံဃာ တော်များအား ကချင်ပြည်နယ်ဥပဒေချုပ် ဦးဆောင်၍ ကချင်ပြည်နယ်ဥပဒေချုပ်ရုံးမိသားစုမှ လှူဖွယ်ဝတ္ထုနှင့်ဆွမ်းဆန်တို့အား စုပေါင်း လှူဒါန်း

မြစ်ကြီးနား၊ နိုဝင်ဘာလ ၁ ရက်

(၁.၁၁.၂၀၂၄)ရက်နေ့ နံနက်(၀၈၀၀)အချိန်တွင်  မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊  ဘုမ္မော ကျောင်းတိုက်တွင်  ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့ ရဟန်းသံဃာတော်များအား ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး ဦးဆောင်၍ ကချင်ပြည်နယ်ဥပဒေချုပ်ရုံးမိသားစုမှ လှူဖွယ်ဝတ္ထုနှင့်ဆွမ်းဆန်တို့အား စုပေါင်းကာ လှူဒါန်းခဲ့ကြပါသည်။

(သတင်းစဉ်)