ပဉ္စမအကြိမ်မြောက် သက်ကြီးဘိုးဘွား တွေ့ဆုံပွဲအခမ်းအနားနှင့်ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားများသို့တက်ရောက်

မြစ်ကြီးနား၊ အောက်တိုဘာလ ၃၁ ရက်

(၃၁.၁၀.၂၀၂၄)ရက်နေ့ နံနက်(၀၉၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ပမ္ပတီးရပ်ကွက်တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေး သူငယ်များ ဘဝမြှင့်တင်ရေးအသင်း(ကချင်)မှ ကြီးမှူးကျင်း ပသည့် ပဉ္စမအကြိမ်မြောက် သက်ကြီးဘိုးဘွား တွေ့ဆုံပွဲအခမ်း အနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးမှတက်ရောက်ခဲ့ပြီးနောက် ညနေ(၀၃၀၀)အချိန် ပြည်နယ်အားကစားကွင်းတွင် ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ ကချင် ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ်ဒေါ်နန်းလှလှအေးမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)