မကွေး၊အောက်တိုဘာလ ၃၀ ရက်

၃၀-၁၀-၂၀၂၄ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ရာဂီမုန်တိုင်း ဖြစ်ပွားသည့် ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြသော မကွေးတိုင်း ဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသတင်းပါသည်။
(သတင်းစဉ်)
