ဇမ္ဗူသီရိမြို့နယ်ဥပဒေရုံးနှင့် ဒက္ခိဏသီရိမြို့နယ်ဥပဒေရုံးသစ်များ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

 နေပြည်တော်၊   အောက်တိုဘာ   ၂၂

          ယနေ့ နံနက် ၀၆:၀၀ နာရီ အချိန်တွင် ဇမ္ဗူသီရိမြို့နယ်ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်းအနားနှင့် နံနက် ၁၀:၀၀ နာရီ အချိန်တွင် ဒက္ခိဏသီရိမြို့နယ်ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်းအနားများ ကျင်းပ ပြုလုပ်ခဲ့ရာ ဆရာတော် သံဃာတော်များအား နံနက်အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြပြီး အဆိုပါအခမ်းအနားများသို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ  တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                                                           (သတင်းစဉ်)