မြစ်ကြီးနား၊ မတ် ၃၀

(၃၀.၃.၂၀၂၆)ရက်နေ့ နံနက်(၀၈၃၀)အချိန် မြစ်ကြီးနားတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် တရုတ်နိုင်ငံ၊ နန်နင်းမြို့သို့ ပညာတော်သင်သွားရောက်မည့် ကျောင်းသား၊ ကျောင်းသူများနှင့် Grade 12 စာစစ်မည့် ဆရာ၊ ဆရာမများအား တွေ့ဆုံပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
