(၅)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ မတ် ၃၀

(၃၀.၃.၂၀၂၆)ရက်နေ့ နံနက်(၁၀၀၀)အချိန် မန်ခိန်ရပ်ကွက်တွင် (၅)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)