တိုင်းဒေသကြီး MSME အေဂျင်စီ ရောနှောဆီထုတ်လုပ် ရောင်းချနိုင်ရန် FDA ထောက်ခံချက် ရရှိရေး နှင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေ၊ MSME ချေးငွေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး၊ ဇွန်လ ၁၀ ရက်

၁၀-၆-၂၀၂၅ ရက်နေ့ မွန်းလွဲ(၂:၀၀)နာအချိန်က မကွေးမြို့နယ်စုပေါင်းရုံးခန်းမ၌ တိုင်းဒေသကြီး MSME အေဂျင်စီ ရောနှောဆီထုတ်လုပ် ရောင်းချနိုင်ရန် FDA ထောက်ခံချက် ရရှိရေး နှင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေ၊ MSME ချေးငွေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်း အနားသို့ ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူးဗိုလ်မှူးချုပ် သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊  တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆီစက်၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ အပါအဝင် MSME လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

(သတင်းစဉ်)