မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာ၊ မြို့ကွက်သစ် ဖော်ဆောင်ရေး ကွင်းဆင်းကြည့်ရှုခြင်းနှင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ကြမည့် ကချင်ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းနှင့် ဒုတိယပြည်နယ်ဥပဒေအရာရှိ ဦးနန္ဒာအောင် တို့အား ဂုဏ်ပြုနှုတ်ဆက်ခြင်း အခမ်းအနားသို့ ပါဝင်တက်ရောက်

မြစ်ကြီးနား၊ ဇွန်လ ၉ ရက်

(၉.၆.၂၀၂၅)ရက်နေ့ နံနက်(၀၈၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာ၊ မြို့ကွက်သစ် ဖော်ဆောင်ရေး ကွင်းဆင်းကြည့်ရှုခြင်းသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊     အစိုးရအဖွဲ့ဝင်များနှင့်အတူ     ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ပြီး နံနက်(၁၁:၀၀)အချိန်တွင် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးခန်းတွင် ကျင်းပပြုလုပ် သည့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြမည့် ကချင်ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းနှင့် ဒုတိယပြည်နယ်ဥပဒေအရာရှိဦးနန္ဒာအောင်တို့အား ဂုဏ်ပြုနှုတ်ဆက်ခြင်း အခမ်းအနားသို့ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး ၊ ဒုတိယပြည်နယ်ဥပဒေအရာရှိများ၊ လက်ထောက် ပြည်နယ်ဥပဒေအရာရှိများ၊ ဦးစီးအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ ဒုတိယခရိုင် ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ပါသည်။

(သတင်းစဉ်)