တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်

ဘားအံ၊ဩဂုတ်လ ၉ ရက်

(၉.၈.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၊ ဘားအံမြို့၊ ကရင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ ကရင်ပြည်နယ်ဥပဒေအရာရှိ  ဦးရဲလွင်တက်ရောက်ခဲ့ရာ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်တကွ အဖွဲ့ဝင်များ တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)