တရားလွှတ်တော်ရှေ့နေများကောင်စီဝင်လောင်း တစ်ဦးချင်းစီရရှိသည့် ဆန္ဒမဲစာရင်း အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တရားလွှတ်တော်ရှေ့နေများကောင်စီ
အသိပေးကြေညာခြင်း
၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၇ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၀ ရက်)
တရားလွှတ်တော်ရှေ့နေများကောင်စီဝင်လောင်း တစ်ဦးချင်းစီရရှိသည့်
ဆန္ဒမဲစာရင်း အသိပေးကြေညာခြင်း

၁။      တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂ ရက် နေ့တွင် ကျင်းပခဲ့ပြီး ရွေးကောက်တင်မြှောက်ခံရသူ ၁၁ ဦး၏ အမည်စာရင်းကို တရားလွှတ်တော် ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၄ ရက်နေ့တွင်  ကြေညာခဲ့ပါသည်။

၂။       တရားလွှတ်တော်ရှေ့နေအချို့က တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ကောင်စီဝင်လောင်းများ၏ တစ်ဦးချင်းရရှိသော ဆန္ဒမဲစာရင်းကို ကြေညာပေးစေ လိုကြောင်း တင်ပြမှုများရှိသဖြင့် ယင်းတို့၏ဆန္ဒကို အလေးထားသောအနေဖြင့် ကောင်စီဝင်လောင်း တစ်ဦးချင်းစီ ရရှိသော ဆန္ဒမဲစာရင်းကို ပူးတွဲပါဇယားဖြင့် အသိပေးကြေညာအပ်ပါသည်။

                                                                                                  (ဒေါက်တာသီတာဦး)
အတွင်းရေးမှူး
တရားလွှတ်တော်ရှေ့နေများကောင်စီ

[googlepdf url=” http://www.oag.gov.mm/wp-content/uploads/2020/08/BC-Final-Filter.pdf” download=” Download” ]