ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စိစစ်ခြင်း

ဘားအံ၊ ဩဂုတ်လ ၁၁ ရက်

(၁၁.၈.၂၀၂၀)ရက်နေ့မှ (၁၇.၈.၂၀၂၀) ရက်နေ့အထိ ဘားအံခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး၌  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စိစစ်ခြင်းတွင် ဘားအံခရိုင်ဥပဒေရုံးမှ ခရိုင်ဥပဒေအရာရှိ ဦးမြင့်နိုင်ဝင်း ပါဝင်စိစစ်ခဲ့ရာ  ဘားအံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်တကွ အဖွဲ့ဝင်များ ပါဝင်တက်ရောက် စိစစ်ခဲ့ကြကြောင်းသတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)