ဘားအံမြို့၊ မေလ ၁၅ ရက်

၁၅. ၅ . ၂၀၂၅ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်၌ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အောက်ရေတံခွန်ကျောင်းတိုက်တွင် ဒုံရင်းတိုက်နယ်၊ မြို့နယ်အဆင့် (၂)ကြိမ်မြောက် ” ကရင်စာပေနှင့်ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲအခမ်းအနား “ သို့ ကရင်ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
