ဘားအံမြို့၊ မေလ ၁၅ ရက်

၁၅. ၅ . ၂၀၂၅ ရက်နေ့ နံနက်(၇:၃၀) နာရီအချိန်၌ အ.ထ.က(၃) ဘားအံကျောင်းရှေ့ တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ လှုံ့ဆော်မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
