၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံရေး အထိမ်းအမှတ် ပိုစတာဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ မေလ ၁၅ ရက်

၁၅-၅-၂၀၂၅ ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်က မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံရေး အထိမ်းအမှတ် ပိုစတာဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူးဗိုလ်မှူးချုပ် သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ပညာရေးဝန်ထမ်းများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)