ဘားအံ၊ ဒီဇင်ဘာလ ၉ ရက်

ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်သည် ၉.၁၂.၂၀၂၁ ရက်နေ့ နံနက် ၉:၀၀ အချိန်တွင် ပညာရေး၀န်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ်၊ ငုရွှေဝါခန်းမတွင် ဖွင့်လှစ် ပို့ချခဲ့သည့် နည်းပြ/ သရုပ်ပြသစ်လွင်များ၏ မွမ်းမံသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား သို့ တက်ရောက်ခဲ့ရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
