ဘားအံ၊ ဒီဇင်ဘာလ ၈ ရက်

ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်သည် ၈.၁၂.၂၀၂၁ ရက်နေ့ နံနက် ၉:၀၀ အချိန်တွင် ဘားအံပညာရေးဒီဂရီကောလိပ်၊ သီရိခန်းမတွင် ကျင်းပပြုလုပ်သည့် အသစ်ခန့်ထားသော နည်းပြ/ သရုပ်ပြများ၊ အခြေခံပညာကျောင်းများတွင် အသစ်ခန့်ထားသော လက်ထောက် မူလတန်းပြနှင့် လက်ထောက်အလယ်တန်းပြ ဆရာမများ၏ မွမ်းမံသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ ပါသည်။
(သတင်းစဉ်)
