နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မိန့်ခွန်းပါအချက်အလက်များအား ပြည်ထောင်စုရှေ့နေချုပ်က ထပ်ဆင့်ရှင်းလင်းမှာကြားခြင်းအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၂၅


၈-၂-၂၀၂၁ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြားခဲ့သည့် မိန့်ခွန်းပါ အချက်အလက်များအား ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများအား ထပ်ဆင့် ရှင်းလင်းမှာကြားခြင်းပြုရန် ညွှန်ကြားချက်အရ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၀၉:၃၀ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေအရာရှိများမှ Online စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)