နှစ်ဆန်းတစ်ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးဝန်းအတွင်းရှိ ဗောဓိညောင်ပင် ပရဝဏ်တွင် သံဃာတော် (၅)ပါးအား ပင့်ဖိတ်၍ ပရိတ်တရားနာယူခြင်း၊ အန္တရာယ် ကင်းကမ္မဝါ နာကြားခြင်း၊ လှူဒါန်းဖွယ်ရာ အစုစုတို့ ရေစက် ချအမျှအတန်းပေးဝေခြင်း၊ ညောင်ရေသွန်းခြင်းများ ဆောင်ရွက်

မကွေး၊ ဧပြီ ၁၇ ရက်

နှစ်ဆန်းတစ်ရက်နေ့၁၇-၄-၂၀၂၅ရက်နေ့ ညနေ(၄:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးဝန်းအတွင်းရှိ ဗောဓိညောင်ပင် ပရဝဏ်တွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆောင်၍ အရာထမ်း၊ အမှုထမ်းများ စုပေါင်းကာ ဆရာဒကာကျောင်းဖြစ်သော ပညာစက္ကရာမ ကျောင်းတိုက်မှ သံဃာတော်(၅)ပါးအား ပင့်ဖိတ်၍ ပရိတ်တရားနာယူခြင်း၊ အန္တရာယ်ကင်းကမ္မဝါ နာကြားခြင်း၊ လှူဒါန်းဖွယ်ရာ အစုစုတို့ ရေစက်ချ အမျှအတန်းပေးဝေခြင်း၊ ညောင်ရေသွန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)