မကွေး၊ ဧပြီ ၁၇ ရက်

၁၇-၄-၂၀၂၅ ရက်နေ့က နံနက်ပိုင်း မြန်မာနှစ်ဆန်း(၁)ရက်နေ့က မကွေးမြို့ မြသလွန် စေတီတော်၌ စုပေါင်းသန်းရှင်းရေးဆောင်ရွက်ခြင်း၊ ဖန်ခါးမြေဘိုဘွားရိပ်သာတွင် သက်ကြီးဘိုးဘွား များကို လှူဖွယ်ပစ္စည်းများအား ပေးအပ်လှူဒါန်းခြင်း အခမ်းအနားများတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်ဦးတင့်ဝေ၊ တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်းဒေသကြီးအဆင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
