ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် ဖူဆယ် အားကစားသမားများ စခန်းသွင်းလေ့ကျင့်မှုအား ကြည့်ရှုအားပေး

မကွေး၊ အောက်တိုဘာလ ၂၈ ရက်

၂၈-၁၀-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားကွင်း၌ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် ဖူဆယ် အားကစားသမားများ စခန်းသွင်းလေ့ကျင့်မှုအား ကြည့်ရှုအားပေးခြင်း၊  မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း Synthetic ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား    မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

(သတင်းစဉ်)