လူငယ်ဘက်စုံဖွံ့ဖြိုးရေး ‌‌‌‌‌ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ အောက်တိုဘာလ ၂၈ ရက်

(၂၈.၁၀.၂၀၂၄)ရက်နေ့ နံနက်(၀၉၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်၊ အမှတ်(၁၁)အခြေခံပညာအထက် တန်းကျောင်းတွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေး ‌‌‌‌‌ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ကချင်ပြည်နယ်အစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များ နှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးမှတက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)