ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြုအားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ နိုဝင်ဘာလ ၂၇ ရက်

၂၇-၁၁-၂၀၂၄ ရက်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က ပဉ္စမအကြိမ်အမျိုးသားအားကစား ပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြုအားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်နှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ အောင်နိုင်ရေးကော်မတီဝင်များ၊ တိုင်းဒေသကြီးကိုယ်စားပြု အားကစားနည်းအလိုက် လက်ရွေးစင် အသင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

(သတင်းစဉ်)