ဥပဒေကို လူတိုင်းလိုက်နာ ကျင့်သုံးရန်လိုအပ်ပုံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း(၂)ပါ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ အခန်း(၃)ပါ နိုင်ငံတော်အကြီးအကဲများ၏ ပြဋ္ဌာန်းချက်များ၊ အခန်း(၄)ပါ ဥပဒေပြုရေးပြဋ္ဌာန်းချက်များ၊ အခန်း(၅)ပါ အုပ်ချုပ်ရေး ပြဋ္ဌာန်းချက်များကို အကျယ်တဝင့် ရှင်းလင်းသင်ကြား

မော်လမြိုင်၊ နိုဝင်ဘာလ ၂၇ ရက်

၂၇-၁၁-၂၀၂၄ ရက်နေ့ ၀၉:၀၀ အချိန် မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ အ-လ-က(၈) သစ္စာခန်းမ၌ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေကို လူတိုင်းလိုက်နာ ကျင့်သုံးရန်လိုအပ်ပုံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း(၂)ပါ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ အခန်း(၃)ပါ နိုင်ငံတော်အကြီးအကဲများ၏ ပြဋ္ဌာန်းချက်များ၊ အခန်း(၄)ပါ ဥပဒေပြုရေးပြဋ္ဌာန်းချက်များ၊ အခန်း(၅)ပါ အုပ်ချုပ်ရေး ပြဋ္ဌာန်းချက်များကို အကျယ်တဝင့် ရှင်းလင်းသင်ကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)