ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲဆန္ဒပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မြဝတီ၊ နိုဝင်ဘာ ၈ ရက်

(၈.၁၀.၂၀၂၀)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန် မြ၀တီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်းများတွင် ကြိုတင်မဲဆန္ဒပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့  မြ၀တီခရိုင်ဥပဒေရုံး၊ ခရိုင်ဥပဒေအရာရှိ ဦးစောသိန်းဖေမြင့်တက်ရောက်ခဲ့ရာ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး၊ မြ၀တီခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)