

နေပြည်တော်၊ စက်တင်ဘာ ၄
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် IDLO မှ Ms. Christina Beninger ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် IDLO နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့သည် ၂၀၁၃ ခုနှစ်မှ စတင်၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများကို ပူးပေါင်းကျင်းပနိုင်ခဲ့သည့်အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စီးပွားရေးစာချုပ်စာတမ်းများ၊ ကုန်သွယ်ရေးစာချုပ်များနှင့် သက်ဆိုင်သည့် သင်တန်းများ သင်ကြား ပို့ချနိုင်ရေးကိစ္စ၊ တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်ရေးဆိုင်ရာလုပ်ငန်းများနှင့် မျှတသော တရားစီရင်ရေး ဆိုင်ရာစံနှုန်းများ သတ်မှတ်ထုတ်ပြန်နိုင်ရေးတို့အတွက် IDLO နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ အကြား ပူးပေါင်းဆောင်ရွက်မှုရှိသည့်အခြေအနေ၊ ဥပဒေအရာရှိများအတွက် ဆက်လက်သင်ကြားပို့ချမည့် သင်တန်းအစီအစဉ်များ စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ပါသည်။
(သတင်းစဉ်)
