နေပြည်တော်၊ မတ် ၁၀

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် MyJustice မှ Team Leader ဖြစ်သူ Mr. Ross Clarke နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁:၀၀ အချိန်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၂၀၂၀-၂၀၂၄ မဟာဗျူဟာ စီမံကိန်းနှင့် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ၂၀၁၉-၂၀၂၃ မဟာဗျူဟာစီမံကိန်း ဆိုင်ရာလုပ်ငန်းများတွင် MyJustice မှ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ဥရောပသမဂ္ဂ(EU)၏ အထောက်အပံ့ဖြင့် ဆောင်ရွက်မည့် ဒုတိယပိုင်း MyJustice Programme တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် MyJustice တို့ ပူးပေါင်းဆောင်ခဲ့သည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အောင်မြင်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သီတာဦးနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်တို့ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
