နေပြည်တော်၊ မတ် ၁၁ ရက်
ပညာသင်ဆုလျှောက်ထားသူများအနေဖြင့် အသက် ၂၅ နှစ် မှ ၄၀ နှစ် အကြားရှိမည်ဖြစ် ပါကြောင်း၊ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ပညာရပ်ဆိုင်ရာ အဆင့်မြင့် သုတေသနနှင့် လေ့လာဆည်းပူးမှုများ ပြုလုပ်ရန် အရည်အချင်းရှိရမည်ဖြစ်ပါကြောင်း၊ အစိုးရအရာရှိများ သို့မဟုတ် ပင်လယ်သမုဒ္ဒရာဆိုင်ရာ ဘာသာရပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်လျှက် ရှိသော အလယ်အလတ်အဆင့် ပညာရှင်များ လျှောက်ထားနိုင်ပါကြေင်း၊ အမျိုးသမီးများ လျှောက်ထားမှုကို အလေးထားပါကြောင်း၊ အဆိုပါပညာသင်ဆုသည် သင်တန်းကာလ အနေဖြင့် ၄ လ ခန့်ကြာမြင့်မည်ဖြစ်ပါကြောင်း၊
ပညာသင်ဆုရရှိပါက အသွားအပြန် လေယာဉ်လက်မှတ်၊ လစဉ် ထောက်ပံ့ကြေးအနေဖြင့် နေထိုင်စရိတ်၊ အခြားအသုံးစရိတ်(Laundry, transport) တို့ကို အမေရိကန် ဒေါ်လာဖြင့် ပေးအပ်မည် ဖြစ်ပါကြောင်း၊ ဗီဇာလျှောက်ထားမှုနှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်ကိုသင်တန်းသားမှ ကျခံရမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပါကြောင်းနှင့် အသေးစိတ် အချက်အလက်များကို အောက်ဖော်ပြပါ link တွင် ဝင်ရောက်ကြည့်ရှုလျှောက်ထားနိုင်ပါသည်။
