ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ နေပြည်တော် စည်ပင်ဧည့်ရိပ်သာရှိ Quarantine စင်တာသို့ ထမင်းဘူးနှင့် သောက်ရေသန့်ဘူးများ လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၂၈

          ယနေ့ နံနက် ၁၀:၃၀ နာရီ အချိန်က ပြည်ထောင်စုရှေ့နေချုပ်ရုံး အရာထမ်း၊ အမှုထမ်းများမှ နေပြည်တော်စည်ပင် ဧည့်ရိပ်သာ (၁) နှင့် (၂) တို့တွင် Quarantine ဝင်ရောက်နေသည့် သူများအတွက် နေ့လည်စာ ထမင်းဘူး ၅၅၀ နှင့် သောက်ရေသန့်များအား လှူဒါန်းပေးအပ်ရာ Quarantine စင်တာ အုပ်ချုပ်သူအရာရှိ ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာသီဟသန်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ခံ ဦးပြည့်စုံဦးတို့က လက်ခံရယူခဲ့ကြောင်း သတင်းရရှိ ပါသည်။

 (သတင်းစဉ်)