ပြည်ထောင်စုရှေ့နေချုပ်သည် ကူဝိတ်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံဖြစ်သူ သံမှူး Mr. Adel M F A AI Adgham နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊  ဇန်နဝါရီ  ၂၀

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကူဝိတ်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံဖြစ်သူ သံမှူး Mr. Adel M F A AI Adgham  နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၁၀:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ကူဝိတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာရေးအတွက် ဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု အပြန်အလှန် မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၀၈ ခုနှစ်တွင် ချုပ်ဆိုခဲ့ပြီးနောက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍ တိုးတက်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ဥပဒေရေးရာ ကဏ္ဍများတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဦးကျော်ကျော်နိုင်နှင့် ဒေါက်တာသီတာစန်းတို့  တက်ရောက်ခဲ့ကြပါသည်။

                                                                                                   (သတင်းစဉ်)