နေပြည်တော်၊ မတ်လ ၂၉


ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် Open Society Myanmar Foundation မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr. James A. Goldston နှင့်အဖွဲ့အား ယနေ့နံနက် ၁၁:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေကြမ်းများအပေါ် စိစစ်အကြံ ပြုခြင်း၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာစာချုပ်များအပါအဝင် စီးပွားရေးစာချုပ်စာတမ်းများ အပေါ် စိစစ်အကြံပေးခြင်း၊ နိုင်ငံတော်ကိုယ်စား ပြစ်မှုဆိုင်ရာနှင့် တရားမမှုများတွင် လိုက်ပါ ဆောင်ရွက်ခြင်း၊ တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ပြည်ပအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ရှင်းလင်းပြောကြားပြီး တရားဥပဒေစိုးမိုး ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ပါသည်။
(သတင်းစဉ်)
