ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုရှေ့နေချုပ်ရုံး
ကြော်ငြာစာအမှတ်-၁/၂၀၁၈
(လျှောက်လွှာခေါ်ယူခြင်း)
၁။ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်တို့တွင် လစ်လပ်လျက်ရှိသော ဥပဒေအရာရှိအဆင့်-၄(လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူးနေရာများအတွက် အမျိုးသား ၇၅ ဦးနှင့် အမျိုးသမီး ၇၅ ဦးခန့်ထားရန်ရှိပါသည်။
၂။ လျှောက်ထားသူသည်
(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) အနိမ့်ဆုံးဥပဒေဘွဲ့(L.L.B)ရရှိပြီးသူဖြစ်ရမည်။
(ဂ) ၃၁-၃-၂၀၁၈ ရက်တွင်အသက်(၂၇)နှစ်ထက်မကျော်သူဖြစ်ရမည်။
ဝန်ထမ်း ဖြစ်ပါက အသက်(၃၀)နှစ်ထက်မကြီးသူဖြစ်ရမည်။
(ဃ) မဟာဥပဒေဘွဲ့(L.L.M) ရရှိသူဖြစ်ပါက အသက်(၃၂)နှစ်ထက်မကြီးသူဖြစ်ရမည်။
(င) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၃။ စာမေးပွဲကြေး ၁၀၀၀/-(ကျပ်တစ်ထောင်တိတိ)ကို မြို့နယ်များရှိ သက်ဆိုင်ရာ မြန်မာ့ စီးပွားရေးဘဏ်ခွဲများ၌ မြို့နယ်ဥပဒေရုံး၊ ငွေစာရင်းခေါင်းစဉ်သို့လည်းကောင်း၊ ရန်ကုန်မြို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၅)၌ ငွေစာရင်းအမှတ်၊ အမ်ဒီ- ၀၂၃၅၆၆ သို့လည်းကောင်းပေးသွင်း ရမည်။
၄။သတ်မှတ်ထားသော လျှောက်လွှာပုံစံတစ်စောင်ကို စာမေးပွဲအတွက် ငွေသွင်းချလန်မူရင်းပြ၍ ခရိုင်ဥပဒေရုံးများတွင် ၁၀၀၀/-(ကျပ်တစ်ထောင်တိတိနှုန်း)ဖြင့် ဝယ်ယူနိုင်ပါသည်။ (ဝန်ထမ်း ဖြစ်ပါက လျှောက်လွှာပုံစံနှစ်စောင် ဝယ်ယူရမည်။)
၅။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများပူးတွဲပါရှိရမည်။
(က) ဥပဒေဘွဲ့၊ မဟာဥပဒေဘွဲ့ လက်မှတ်မိတ္တူ (စစ်ဆေးသည့်အခါ မူရင်းတင်ပြနိုင်ရမည်။)
(ခ) စာမေးပွဲဝင်ကြေး ပေးသွင်းထားသည့် ငွေသွင်းချလန်မူရင်း၊
(ဂ) အသက်အတွက် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မိတ္တူ (စစ်ဆေးသည့်အခါ မူရင်း တင်ပြနိုင်ရမည်။)
(ဃ) ပြင်ပပုဂ္ဂိုလ်များအတွက် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ပြန်တမ်းဝင်အရာရှိ နှစ်ဦး၏ ၁-၁-၂၀၁၈ ရက်နောက်ပိုင်းထောက်ခံချက်မူရင်းနှင့် သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့၏ ပြစ်မှုကင်းရှင်း ကြောင်းထောက်ခံချက်မူရင်း
(င) ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ။
၆။ လျှောက်လွှာပိတ်ရက်သည် ၃၀-၄-၂၀၁၈ ရက်၊ညနေ ၄:၃၀ နာရီဖြစ်သည်။
၇။ လျှောက်ထားသူသည် ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက လျှောက်လွှာကို မိမိလျှောက်လွှာထုတ်ယူခဲ့ရာ ခရိုင်ဥပဒေရုံးသို့ လူကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ သတ်မှတ်ရက်ထက်မကျော်လွန် စေဘဲ အရောက်ပေးပို့ရမည်။
၈။ လျှောက်ထားသူသည် ဝန်ထမ်းဖြစ်ပါက လျှောက်လွှာတစ်စောင်ကို ဌာနကူးပြောင်း တာဝန် ထမ်းဆောင်ခွင့်ပြုနိုင်သော ဌာနဆိုင်ရာအကြီးအကဲမှတစ်ဆင့် အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ နေပြည်တော်သို့လည်းကောင်း ကျန်လျှောက်လွှာတစ်စောင်ကို မိမိ ထုတ်ယူခဲ့သည့် သက်ဆိုင်ရာ ခရိုင်ဥပဒေရုံးသို့လည်းကောင်း၊ သတ်မှတ်ရက်ထက် မကျော်လွန်စေဘဲ ပြန်လည် ပေးပို့ရမည်။
၉။ ရေးဖြေစာမေးပွဲကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး စာမေးပွဲ အစီအစဉ်ကို မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာများ၌ ထပ်မံကြေညာပါမည်။ တစ်ဦးချင်းထံသို့အကြောင်းကြားမည်မဟုတ်ပါ။
၁၀။ ရေးဖြေစာမေးပွဲတွင် အောက်ပါဘာသာရပ်များဖြေဆိုရမည်။
(က) မြန်မာစာ
(ခ) အင်္ဂလိပ်စာ
(ဂ) အထွေထွေဗဟုသုတ
(ဃ) ဥပဒေဘာသာရပ်(၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေ နှင့် သက်သေခံ ဥပဒေ၊ အထူးနှင့်အထွေထွေဥပဒေ)
၁၁။ စည်းကမ်းနှင့်မကိုက်ညီသော(သို့မဟုတ်) မပြည့်စုံသော(သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၁၂။ ရေးဖြေစာမေးပွဲ လာရောက်ဖြေဆိုရာတွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခံရန်လာရောက် သည့်အခါတွင်လည်းကောင်း၊ မိမိစရိတ်ဖြင့် လာရောက်ကြရမည်။
၁၃။ ရေးဖြေစာမေးပွဲ အောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းပြုပါမည်။
၁၄။ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်တွင်အနည်းဆုံး(၅)နှစ်တာဝန်ထမ်းဆောင် နိုင်သူဖြစ်ရမည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး
