နေပြည်တော်၊ ဇွန် ၆


ဒုတိယအကြိမ်မြောက် Myanmar- EU Economic Forum ၂၀၁၈ ကို ၆.၆.၂၀၁၈ ရက်နေ့တွင် နေပြည်တော်၊ Kempinski Hotel တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးနှင့်အတူ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ရေဝတာနှင့် ဒေါက်တာ ကေသီအေးတို့လည်း တက်ရောက် ခဲ့ကြပါသည်။
အဆိုပါ ဖိုရမ်၏ Panel – 11 , Legal Section တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးက Panellist အဖြစ် ဝင်ရောက်ဆွေးနွေးရာ၌ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအပါအဝင် စီးပွားရေး ဥပဒေများ ရေးဆွဲပြဌာန်းမှု အခြေအနေ၊ စီးပွားရေး ဥပဒေများ အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ထိုသို့ စီးပွားရေး ဥပဒေများ ရေးဆွဲအကောင်အထည်ဖော်ရာ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အခန်းကဏ္ဍ အကြောင်းတို့ကို ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
(သတင်းစဉ်)
