လွိုင်ကော်၊ ဇွန် ၄



(၄-၆-၂၀၁၈) ရက်နေ့တွင် ကယားပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာဥပဒေသတင်းအချက်အလက်စနစ် (M L I S) နှင့် မျှတသောတရားစီရင်ရေးဆိုင်ရာ စံနှုန်းများ (Fair Trial Standards) စာအုပ်တို့နှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ ဥပဒေအရာရှိများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
