နေပြည်တော် ဇူလိုင် ၃၁

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် သြစတြေးလျနိုင်ငံ သံအမတ်ကြီး Mr. Nicholas Coppel အား ယနေ့ နံနက် ၁၁:၃၀ နာရီအချိန်တွင် ပြည်ထောင်စု ရှေ့နေ ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ကူးပြောင်းမှု လုပ်ငန်းစဉ်များ အောင်မြင်ရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ပြည်သူများ၏ အခြေခံအခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရေး၊ တရားဥပဒေ စိုးမိုးမှုလုပ်ငန်းများ တိုးတက် ကောင်းမွန်စေရေး၊ မူးယစ်ဆေးဝါး မှုခင်းအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများအတွက် နှစ်နိုင်ငံ တရားစွဲအဖွဲ့ အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ လွတ်လပ်သည့် တရားစီရင်ရေးစနစ် အားကောင်း ခိုင်မာစေရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးနှင့် ပညာတော်သင်များ ပိုမို စေလွှတ်နိုင်ရေး စသည့်ကိစ္စရပ် များကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦး တို့ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
