ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၄ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး၊ အောက်တိုဘာလ ၂၆ ရက်

၂၆-၁၀-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ နယ်မြေခံ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၄ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတပ်နယ်အသီးသီးမှ အကြီးအကဲပုဂ္ဂိုလ်များ၊ ဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

(သတင်းစဉ်)