အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR)အစီအစဉ်(၃)အရ ကိုးရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်(၄၈၄၂၂)တန် အား ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာပြည်သူများထံ ထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဆင့် ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ အောက်တိုဘာလ ၂၆ ရက်

(၂၆.၁၀.၂၀၂၄)ရက်နေ့ နေ့လယ်(၀၁၀၀)အချိန်တွင် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ(APTERR)အစီအစဉ် (၃)အရ ကိုးရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်(၄၈၄၂၂)တန် အား ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာပြည်သူများထံ ထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဆင့် ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)